လ - ဇွန် 2020

ဘုရားသခင်အကြောင်း

မိုက်ခ်၏သူငယ်ချင်းအများစုသည် ခရစ်ယာန်တရားတော်အကြောင်းကိုမသိ၊ ဂရုလည်း မစိုက်ကြပါ။ သို့သော် မိုက်ခ် သူတို့အပေါ် ဂရုတစိုက်ရှိသည်ကိုတော့ သူတို့သိသည်။ တစ်နေ့ “ရှင်ပြန်ထမြောက်ရာနေ့” နီးလာချိန်တွင် ရှင်ပြန်ထမြောက်ခြင်းနှင့် ပဿခါပွဲတို့ ဆက်နွယ်မှုရှိသည်ဟုကြားခဲ့ရကြောင်း၊ သို့သော် မည်သို့ဆက်စပ်သည်ကိုဖြင့် မတွေးတတ်ကြောင်း သူငယ်ချင်းတစ်ဦးက အမှတ်မထင်ထုတ်ဖော် ပြောပြီး “ဟေး... မိုက်ခ်၊ မင်းက ဘုရားတရားအ‌ကြောင်း သိတယ်ဆိုတော့ ပဿခါပွဲဆိုတာ ဘာလဲကွ၊ မင်းသိသလား” ဟုမေးသည်။

ထိုအခါ မိုက်ခ် က ဘုရားသခင်သည် ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ကယ်ထုတ်လာသည့်အကြောင်း၊ အိမ်တိုင်းတွင် သားဦးသေရသည့်ကပ်ဘေး အပါအဝင် ကပ်ဘေးကြီး ၁၀ ခု အကြောင်း၊ အိမ်အဝင်တံခါးဘောင်၌ ယဇ်ကောင် သိုးသူငယ်၏အသွေး သုတ်လိမ်းထားသောအိမ်များကို သေမင်းတမန်က ကျော်သွား ကြောင်းကို ရှင်းပြသည်။ နောက်ပိုင်းတွင် ပဿခါပွဲအတွင်း သခင်ယေရှု ခရစ်တော်သည် ယဇ်ပူဇော်ခြင်းခံရသောသိုးသူငယ်အဖြစ် တစ်ခါတည်း ကိုယ်ကို ပူဇော်ပြီးမှ…

ကျွန်ုပ်တို့ဝမ်းမြောက်ရသည့်အကြောင်းရင်း

ကျောင်းပြန်ဖွင့်ချိန်တွင် ၁၄ နှစ် အရွယ် စီဂျေ သည် နေ့လည်ကျောင်းဆင်းချိန်တိုင်း ကျောင်းကားပေါ်မှ ခုန်ဆင်းပြီး အိမ်အဝင်ကားလမ်းတစ်လျှောက် မြူးတူးစွာ ကခုန်ရင်း ပြန်လာတတ်သည်။ သူ့မိခင်က ဗီဒီယိုရိုက်ပြီး စီဂျေ၏ကျောင်းဆင်းချိန် အကကို ဖြန့်ဝေခဲ့သည်။ သူသည် ဘဝကို ဝမ်းမြောက်ခံစားပြီး အခြားသူများ ကိုလည်း စိတ်ပျော်ရွှင်စေလို၍ ကခုန်ခြင်းဖြစ်သည်။ တစ်နေ့တွင်မူ အမှိုက်သိမ်း လုပ်သားနှစ်ဦးက အလုပ်များသည့်ကြားမှ ခဏတာအချိန်ယူ၍ ထိုလူငယ်နှင့်အတူ မြူးတူးကခုန်ခဲ့ကြသည်။ သူတို့ သုံးယောက်သား ကခုန်ခြင်းသည် ရိုးသားခြင်း၏အစွမ်းနှင့်ပျော်ရွှင်ဝမ်းမြောက်မှု ကူးစက်ခြင်းကို ပြနေသည်။

၁၄၉ ခုမြောက်သော ဆာလံကို ရေးသားသူက တည်မြဲသော၊ အကန့်အသတ် မရှိသော ဝမ်းမြောက်ခြင်း အရင်းအမြစ်ဖြစ်သည့် ဘုရားသခင်အကြောင်းရေးသား ထားသည်။ သူက ဘုရားလူတို့အား “ထာဝရဘုရားရှေ့တော်၌ အသစ်သော သီချင်း”ဆိုကြရန်(:၁) တိုက်တွန်းနှိုးဆော်သည်။ “မိမိကိုဖန်ဆင်းတော်မူသော ဘုရား”ကိုအမှီပြုပြီး “ဝမ်းမြောက် ကြရန်” ဣသရေလူတို့ကို…

စစ်မှန်သော နှိမ့်ချခြင်း၊ စစ်မှန်သော ကြီးမြတ်ခြင်း

မဖြစ်နိုင်တန်လျက်နှင့် အင်္ဂလန်နိုင်ငံ၏လက်နက်ချမှုကြောင့် ပြီးဆုံးသွားသည့် အမေရိကန်တော်လှန်ရေးအဆုံး၌ နိုင်ငံရေးသမားများနှင့်စစ်ရေးခေါင်းဆောင်များက ဗိုလ်ချုပ်ကြီး ဂျော့ရှ်ဝါရှင်တန် အား အုပ်ချုပ်မှုယန္တရားသစ်ဆီသို့ တွန်းပို့ လိုက်ကြသည်။ အာဏာလက်ကိုင်ရှိပြီး လုပ်ပိုင်ခွင့်ရှိလာသောအခါ ဝါရှင်တန် သည် ပြည်သူ တို့အား အမှန်တကယ်လွတ်လပ်ခွင့် ပေးမည်မပေးမည်ကို ကမ္ဘာက စောင့်ကြည့်ခဲ့ သည်။ သို့သော် အင်္ဂလန်နိုင်ငံ၏ တတိယမြောက် ဂျော့ရှ်ဘုရင်သည် လက်တွေ့ကျသည့် အမြင်တစ်ခုဖြင့် မြင်သည်။ အကယ်၍ ဝါရှင်တန်သည် အာဏာဆွဲအားကို ဆန့်ကျင်ပြီး သူ၏ဗာဂျီးနီးယားမွေးမြူရေးခြံသို့ ပြန်သွားပါက သူသည် “ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသောပုဂ္ဂိုလ်” ဖြစ်လာမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ အာဏာ၏ညှို့ယူဆွဲငင်မှုကို ဆန့်ကျင်နိုင်ခြင်းသည် စစ်မှန်သော မြင့်မြတ်ခြင်းနှင့် ထူးခြားသောလက္ခဏာဖြစ်ပြီး ကြီးမြတ်သော သက်သေဖြစ်ကြောင်း ဘုရင်ကြီးက သိနေသည်။

ရှင်ပေါလုသည် ဤတူညီသောအမှန်တရားကိုသိရှိပြီး သခင်ခရစ်တော်၏ နှိမ့်ချသောနည်းလမ်းအတိုင်း လိုက်လျှောက်ရန် ကျွန်ုပ်တို့အား တိုက်တွန်းနှိုးဆော်သည်။ သခင်ယေရှုသည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသော်…

ကယ်ဆယ်ရန်လိုအပ်သည်

ဆယ်ကျော်သက်လေး အယ်ဒီသည် အင်ဒိုနီးရှားနိုင်ငံမှ ၁၂၅ ကီလို (၇၈ မိုင်ခန့်) အရှည်ရှိ ဆူလာဝီကျွန်းကမ်းခြေတွင် ငါးဖမ်းလှေကိုကျောက်ချပြီး လှေ၏တဲလေး ထဲတွင် တစ်‌ယောက်တည်း အလုပ်လုပ်နေစဥ် လေပြင်းတိုက်ခတ်သဖြင့် တဲလေးပြိုပြီး ကျောက်ဆူးလွတ်သွားကာ ငါးဖမ်းလှေမှာ ပင်လယ်ထဲသို့ လေနှင့်ပါ သွားသည်။ အယ်ဒီသည် ပင်လယ်ထဲတွင် ၄၉ ရက်တိုင် မျောနေခဲ့ရသည်။ သင်္ဘော တစ်စင်းစင်းကို သူမြင်တိုင်း သူ့ကို သင်္ဘောသားများမြင်အောင် သူ၏မီးခွက်ကို ထွန်းညှိသော်လည်း စိတ်ပျက်စရာသာဖြစ်ခဲ့ရသည်။ အားလျော့နေသော အယ်ဒီအား မကယ်ဆယ်နိုင်မီတွင် သင်္ဘော ၁၀ စီးခန့် သူ့ကို ဖြတ်ကျော်သွားခဲ့သည်။

သခင်ယေရှုက “ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဉီး” (လု ၁၀:၂၅) အား ကယ်ဆယ်ရန် လိုအပ်နေသူတစ်ဉီးအကြောင်းဉပမာကို ပြောပြသည်။ ယဇ်ပုရောဟိတ်နှင့်လေဝိလူ -လူနှစ်ဦးတို့သည် ခရီးသွားစဉ် ရိုက်နှက်ခံရပြီးဒဏ်ရာနှင့်လဲနေသူတစ်ဉီးကို တွေ့ခဲ့ သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ထိုသူကို မကူညီဘဲ…

အစွန်ဘက်၌ တွေ့ရှိသည်

မော်တော်ဆိုင်ကယ်ပြပွဲတစ်ခု၏ ပရိတ်သတ်များအလယ်တွင် ရင်ခုန်စရာပြကွက်များကို ရင်တစ်မမဖြင့် ခြေဖျားထောက်လျက် ကျွန်မကြည့်မိနေသည်ကို မိမိကိုယ်ကို သတိထားမိသည်။ ဘေးဘီသို့ လှမ်းကြည့်လိုက်သည့်အခါ ကလေးသုံးယောက်လည်း ပရိတ်သတ်ရှေ့သို့ မတိုးနိုင်သဖြင့် အနီးရှိ သစ်ပင် ပေါ်သို့ တက်၍ ထိုင်ကြည့်နေသည်ကို သတိထားမိလိုက်သည်။

အပေါ်စီးမှကြည့်နေသည့်ထိုကလေးများကိုကြည့်ရင်း ရှင်လုကာ ဖော်ပြ သည့် ချမ်းသာကြွယ်ဝသော အခွန်ခံဇက္ခဲအကြောင်းကို သတိမရဘဲမနေနိုင်ပါ (လု ၁၉:၂)။ ယုဒလူမျိုးများက ရောမအစိုးရအတွက် ကိုယ့်လူမျိုးအချင်းချင်း အပေါ် အခွန်ကောက်ပေးခြင်း၊ မကြာခဏဆိုသလို မတရားသဖြင့် အပိုအခွန်ကောက်ခံပြီး သူတို့အိတ်ထဲထည့်သည့် အခွန်ခံများကို သစ္စာဖောက် အဖြစ် မြင်ကြသည်။ ထို့ကြောင့် ဇက္ခဲအား လူမှုအသိုင်းအဝိုင်းမှ ကြဉ်ထားကြသည်။

သခင်ယေရှု ယေရိခေါမြို့ကိုဖြတ်သွားစဉ် ဇက္ခဲသည် ကိုယ်တော်ကို ဖူးမြော်လိုသော်လည်း အရပ်ပုသဖြင့် လူထုကြီးကို ကျော်၍မမြင်နိုင်ခဲ့ပါ။ ထို့ကြောင့် အထီးကျန်စွာဖြင့် ကြံမိကြံရာ အနီးရှိ သဖန်းပင်ပေါ်တက်၍ ကြည့်ရခြင်း ဖြစ်ကောင်းဖြစ်မည်…